Tuesday 26 August 2014

သတင်း

အမာရီလိုမြို့ ဒေသ အတွင်းနေ သဒ္ဓါကြည်လင် ပါရမီ ရှင်အပေါင်းတို့
တော်သလင်း လပြည့် ဂရုဓမ္မအခါတော်နေ့တွင်  မဟာဒုက်မြသပိတ် စာရေးတံမဲ အလှူတော်ပွဲကို ကျင်းပ ပြုလုပ်ကြမည်ဖြစ်ရာ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေး ဝေယျာဝစ္စများ ဆောင်ရွက်ခြင်းကို မည်သူမဆို မိမိတို့ အားလပ်ချိန်များတွင်လာရောက် ဆောင်ရွက် ကုသိုလ်ယူနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်အပ်ပါသည်  

သတင်း

         ဖေစ်ဘုတ် သုံးဖြစ်နေတာနဲ့  မိမိရဲ့ ဘလော့လေး  ကို မသုံးမဝင် မတင်ဖြစ်သည်မှာ ကြာပါပြီ ခုတော့ဖြင့်မူ ...... ရှုကြည့်ကြသူ ခပ်သိမ်းသူတို့အတွက် ခရီးဆက်ပါအုံးမယ် ..သတင်း ဆောင်းပါးများ ရေးသား ပေးပို့လိုကြမယ်ဆို အတိုင်းထက် အလွန် ကျေးဇူးတင်စွာ မျှော်လင့်နေပါမယ်
အားလုံးကျန်းမာ ချမ်းသာကြပါစေ

Sunday 15 December 2013

ကျောင်းလွှတ်ပူဇာ သဘင်



ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းလွှတ်ပူဇာသဘင် ဆင်ယင်ကျင်းပမည် 

အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ်  ၊ အမာရီလိုမြို့ တွင်  တိုင်းရင်းသားပေါင်းစုံ စေတနာရှင်တို့မှ  စုပေါင်း ဝယ်ယူတည်ထောင်ထားအပ်သော ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက် ကြီး၏ ကျောင်းထိုင် ဦးစီးပဓာန နာယကဆရာတော်အဖြစ် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ(ရမည်းသင်း) အား တင်မြောက် ခြင်း ကျောင်းအပ်ပွဲ အစီစဉ်များကို (၇)နှစ်မြောက်ကျောင်းတည် နှစ်ပါတ်လည်နေ့ရက်ဖြစ်သော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ(၂၄/၂၅)ရက်များတွင် စီစဉ်ကျင်းပကြမည်ဖြစ်ပါသည် ။ 

အဆိုပါ ကျောင်းအပ် ကျောင်းတင်ပွဲ ကျောင်းလွှတ်ပူဇာသဘင် အခမ်းနားသို့ အမေရိကန် ပြည်ထောင်စု ပြည်နယ် အသီးသီးမှ ဆရာတော် သံဃာတော်(၁၁)ပါးတို့ ကြွရောက်ချီးမြှောက်ကြမည်ဖြစ်ပါသည် ။ 

ကျောင်းတည်(၇)နှစ်မြောက် အထိမ်းအမှတ် ကျောင်းလွှတ်ပူဇာသဘင် စီစဉ်ကျင်းပရာတွင် အကြိုညချမ်းကာလ ၌ ညနေ (၅)နာရီမှ စတင်လျှက် ပရိတ် ၊ ပဋ္ဌာန်း ၊ ဓမ္မစကြာ များ စုပေါင်း ရွတ်ဖတ် ပူဇော်ခြင်း ၊ သံဃာတော်အရှင်မြတ်များ ထံမှ မဟာသမယသုတ် နှင့် သြဝါဒ ဒေသနာများ စုပေါင်း နာယူမှတ်သားခြင်း အစီစဉ်များကို ကျင်းပပြီး ၂၅ ရက်နေ့ နံနက်တွင် ဆရာတော်အား ခေတ္တသီတင်းသုံးနေရာ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ဇေယျသုခ ဓမ္မရိပ်သာသို့ ဒေဝါဝင်း ရာဇာဝင်းများခင်း၍ အခမ်းနားဖြင့် စီစဉ် ပင့်ဆောင်ပြီး ကျောင်းတင် ကျောင်းအပ်ပွဲ ရေစက်ချ အခမ်းနားကို ကျင်းပကြမည်ဖြစ်ပါသည်

ထို့အပြင် ကျောင်းအပ် ကျောင်းတင်ပွဲ အခမ်းနားကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ အဆိုအကများဖြင့် ဝန်းရံလျှက် စီစဉ်ကျင်းပနိုင်ရေးအတွက် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးမှ ဦးစီး စီစဉ် ဆောင်ရွက်လျှက်ရှိရာ ရပ်ဝေးရပ်နီး အသီးသီးမှ ကျောင်းအလှူရှင်များ၊ ပစ္စည်းလေးပါး အလှူရှင်များအား ကိုယ်တိုင်ကိုယ်ကျ  တက်ရောက်ပါဝင် ရေစက်ချ လှူဒါန်းနိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

အကျိုးဆောင်အဖွဲ့
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ ၊ အမာရီလိုမြို့
တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့

Saturday 23 November 2013

အောင်မြင်ချင်လျှင် ရှေ့သို့ချီ

အောင်မြင်ချင်လျှင် ရှေ့သို့ချီ
ရာသီရှေ့ပြေး ဆောင်းလေအေး
ဒီနေ့ ရာသီဥတုက ယခင်ရက်တွေနဲ့ သိပ် မတူလှ ။ ယခင်လများက သာယာလှပနေခဲ့တဲ့ ကျောင်းဝင်းအတွင်းက မြင်ကွင်းများသည်လည်း ဆောင်းလေညှင်းအောက်မှာ လွင့်ပျောက်စ ပြုကုန်ကြပြီ ။ စိမ်းစိုစို သစ်ရွက်တို့သည်လည်း ပင်မြင့်ထက်မှာ မလန်းသာတော့။ စိမ်းလျှက်က မြေထက် ကြွေသက်ဖို့ အကြောင်းဖန်လာပြီထင်ရတယ် ... ပွင့်လက်စ ပန်းတို့သည်လည်း နွမ်းခွေကြွေကျလို့ မြေသို့ခခဲ့ကြပြီပေါ့ ဒါကိုပင် ဆောင်းရာသီရဲ့ ရှေ့ပြေးဖြစ်မယ်လိုတွေးမိလိုက်ပါတယ် ..။
ဘာတစ်ခုမျှ အစိုးမရ ....ဒါလဲ အနတ္တ
ရာသီဥတု သည်လည်း လောကကြီးကို အပြောင်းအလဲ ဖြစ်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ လက်တွေ့ သင်ခန်းစာတွေ ပေးနေသလိုလိုပါပဲ ..။ ခုလဲ ကြည့်လေ ..ကွင်းပြင်အလယ်မှာ အထီးတည်း ဖြစ်နေခဲ့သော မိမိနေထိုင်ရာ ကျောင်းလေးသည် လေပြင်းကျမှုအောက်မှာ လွင့်ပျောက်သွားမတတ်ဖြစ်နေခဲ့တယ် ။ တစ်နွေလုံး မိုးရွာလိုက် နေပူလိုက်နဲ့ သာယာလှပနေခဲ့တဲ့ သဘာဝဝန်းကျင်ကြီးဟာ ဆောင်းတွင်းရောက်လာတဲ့အခါမှာတော့ သစ်ရွက်ဗလာ ပွင့်မလာတော့သမို့ ပင်စည်ထီးတည်း နဲ့ အကျည်းတန်သွားသလိုနှယ် ထင်ရပါတယ် ။ သတင်းတွေမှာ ကြားနေရသည်ကလည်း အခြားဒေသတွေမှာ မိုးသက်လေပြင်း တော်တော်ကို ပြင်းထန်သွားသတဲ့လေ ။ နေသာလိုက် မိုးရွာလိုက် ..လေငြိမ်လိုက် လေပြင်းလိုက်နဲ့ မို့ ရာသီဥတုတည်းဟူသော သဘာဝတရားကြီးက လောကကြီးဟာ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်တဲ့သဘာဝရှိကြောင်း သက်သေပြနေသလိုနှယ်ပေါ့
လေပျင်းသက်ခဲ့ပေမဲ့ အပြုံးမပျက်ခဲ့
အခြားဒေသတွေလောက်မုန်တိုင်းမဆန် လေမထန်ခဲ့ပေမဲ့ အဲဒီနေ့က အမာရီလိုလေဟာ ပြင်းအား များလွန်းလှပါတယ်။ကထိန်ပွဲတော် နွှဲပျော်ဖို့ မျှော်လင့်စောင့်စားနေကြတဲ့သူတွေကြားမှာ ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ အတွေး စကားများက နားပင်မဆံ့ဖြစ်ခဲ့ရတဲ့ နေ့လေးဆိုလဲမမှား ပါဘူး သဒ္ဓါအရှိန်ကြီးသူတွေ စုပေါင်းပြီး တစ်နှစ်မှ တစ်ကြိမ် စုပေါင်းကျင်းပ လှူဒါန်းကြတဲ့ ကထိန်မို့ အားလုံးက အချိန်ယူလုံးပမ်းဆောင်ရွက်နေခဲ့ကြတာကို သတိပြုမိတယ် ၊
အထူးသဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံ စိတ်ထားပြည့်ဝကြသော ကထိန်ပွဲတော် ကျင်းပရေး အမှုဆောင်များ ဟာ .... မိမိတို့ စက်ရုံ အလုပ်ရုံတွေမှာ အချိန်ပို အလုပ်တွေ ရှိကြပါလျှက် အလုပ်တွေ ဖျက်ပြီး ဆောင်ရွက်ခဲ့ကြတာကိုလဲ စိတ်ထဲမှာ ကြိတ်ပြီး ချီးကျူးမဆုံးပါဘူး ။ အဝေး အနီး ခရီးနှင်လို့ နိဗ္ဗာန်ဆော်တွေ သဖွယ် တစ်ကြော်ကြော် ဖိတ်ခေါ်ခဲ့ကြသူတွေရဲ့ ရင်ထဲက အပူခဲကို တွေးကြည့်မိတော့ ရင်ထဲ မချိဘူးပေါ့ ၊
အော် ဘာသာ သာသနာအတွက် သဒ္ဓါလက်နဲ့ အားတက်ရွှင်ပျော်နေကြတဲ့ သူတို့ကို ကြည့်ပြီး သူတို့ရင်ထဲက အပူခဲတွေဟာ လေထဲသက်ရောက် နှင်းပွင့်ပေါက်တို့နှယ် လွင့်ပြယ်ပါစေပါကြောင်း ဆုတောင်းလိုက်မိတယ် ။ ထို့အတူပင် စေတနာရှင်တို့ရဲ့ ရင်ထဲက သဒ္ဓါစွမ်းပကား ကို တွေးကြည့်မိတော့ အပြုံးမပျက် ရှေ့သို့ဆက်ဖို့ အားအင်တွေ ပြည့်လာပြန်ရောလေ ...။
သူမပါ မပြီး...သူ.. ကြီးလဲ မဖြစ်
တကယ်တော့ ... ဒီ လေ ဆိုတာ ဒီကမ္ဘာလောကကြီးမှာ မရှိမဖြစ်တဲ့ အရာမဟုတ်လား လေကြောင့် အသက်ရှင်နေကြသလို လေကြောင့်ပင် အသက်အန္တရယ်တွေ ကြုံနေကြရတာလဲ များစွာထင်ပါရဲ့... မကြာမကြာ ကြားသိမြင်တွေ့ ဖတ်ရှုနေရတဲ့သတင်းတွေမှာ မုန်တိုင်းမျိုးစုံရဲ့ သတင်းတွေဟာ အများပြည်သူတို့ရဲ့စိတ်ရင်းကို ချမ်းသာစေတဲ့သတင်းတွေ မဟုတ်ပါဘူး ခုလဲ ကြည့်လေ အမာရီလိုမှာ တိုက်ခတ်နေတဲ့လေဟာ ကထိန်အလှူပွဲ ဆင်နွှဲဖို့ တာဆူနေကြတဲ့ စေတနာရှင် လုပ်အားရှင်တွေကို အပူပင်တိုးစေသလိုနှယ်ဖြစ်နေပါတော့တယ်..အကယ်၍များ ဒီထက်မက လေကြီး မိုးကြီးကျခဲ့မည်ဆိုပါက ကထိန်ပွဲတော်ကြီး နွှဲပျော်လို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ..။
လေကြောင့် ကွဲတုန်...လေကြောင့်ဆုံ
လေယူရာတိမ်းပြီး လေသိမ်းရာ လိုက်ပါခဲ့ရတဲ့ သက်ရှိသက်မဲ့များစွာသောအရာတွေဟာ လေကြောင့်တစ်နေရာရာမှာ စုပြုံဆုံမိတတ်တဲ့သဘောကို ဂျပန်ဆူနာမီပုံရိပ်တွေမှာရော မြန်မာပြည်က နာဂစ်မုန်တိုင်းတုန်းကပါ တွေ့ခဲ့မြင်ခဲ့ဘူးပါတယ် ။ ထို့အတူပင် လေယူရာတွင် လိုက်ပါနှင်ရင်း လွင်ပြင်မှာ စုပုံနေခဲ့ကြတာတွေကိုလည်း ကုန်း ရေ ခရီးအသီးသီးမှာ တွေမြင်ဖူးပါရဲ့..ဒါပေမဲ့ မိမိနဲ့ အလှမ်းဝေးနေလို့လား မသိခဲ့..ရင်ထဲမှာ သိပ်ပြီးကြီးကြီးကျယ်ကျယ် မခံစားခဲ့ဘူးလေ ၊ ခုတော့ ကထိန်အတွက် ပြင်ဆင်ထားခဲ့တဲ့ မဏ္ဍပ် လေပြင်းရဲ့ အနှောက် ခံရလို့ လေရဲ့ သဘောကို စောကြောအတွေးချဲ့ကြည့်မိမှ လောကကြီးမှာ လေကြောင့် ကွဲရတာ လေကြောင့် တွဲမိတာတွေ ကို သဘောပေါက်လာသလိုလိုပါပဲ
ပါးစပ်မှာဓါး သတိထား
လေနဲ့ ပတ်သက်လို့ အတွေးလေးတွေကို အကျယ်ချဲ့မိတော့ နေ့စဉ် ပြောနေကြ စကားတွေဟာ လေနှင့်မကင်းပါလား လို့ သတိထားမိတယ် ၊ တစ်ချို့ချို့သောသူတွေရဲ့ အပြောအဆိုစကားတွေဟာ သေနတ်ကျည်ဆံထက် ကြောက်စရာကောင်းလှပါတယ် ၊ ခုတစ်လော သတင်းတွေမှာ စကားတစ်လုံးရဲ့ နောက်ကွယ်မှာ အငြင်းပွားဖွယ်တွေ များနေတာလဲ လူတွေရဲ့ နှုတ်က ထွက်တိုက်တဲ့ လေကြောင့်ပင့် ထင်တာပါပဲ ၊ အမေရိကန် ထောက်လှမ်းရေးဟောင်း စနိုးဒင်ရဲ့ ဖွင့်ချမှုတွေ က အမေရိကန်နဲ့ မဟာမိတ်တွေအကြား သဘောထားကွဲပြားမှုတွေ ဖြစ်စေခြဲ့ပီး ယုံကြည်မှုတွေ မဲ့စေခဲ့သလို မြန်မာပြည်က လူကြီးများရဲ့ နှုတ်ထွက်စကား တွေအောက်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာကလဲ မုန်တိုင်းထဲက လေတဲ့တောင် ကြောက်စရာကောင်းကြောင်း သက်သေတွေပဲ ထင်ပါရဲ့ ။
ဒါ့အပြင် ခုတစ်လောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလောက ဘာသာရေး လောက အတွင်းက အငြင်းပွားဖွယ်များမှာလဲ ပါးစပ် နဲ့ တိုက်ခဲ့တဲ့ လေပွေတွေ ပါနေမှာ မလွဲပါဘူး ၊ လေပွေ ဆိုတဲ့ အမည်နဲ့ လိုက်အောင် သက်ဆိုင်သူတွေကို စိတ်တွေလေစေ သောကတွေ ပွေစေခဲ့တာ က ပြည်တွင်းပြည်ပက အဖြစ်အပျက်များက သက်သေပြနေလေရဲ့ပေါ့ ဒါနဲ့ ပတ်သက်လို့ ထိုင်ဝမ်ဆရာတော်ကြီးရဲ့ မိန့်စကားလေးကို မျှဝေပေးချင်ပါတယ်
ပါးစပ်မှာ ဓါး ၊ သတိထား ၊ စကားဆင်ခြင်ပြော။
အကျိုးရှိမရှိ ၊ ဆင်ခြင်ကြည့် ၊ အကျိုးရှိမှ ပြော။
ပြောသင့် မသင့်၊ အခါချင့်ပြောသင့်ခါမှ ပြော။တဲ့ ဒါက ဆရာတော်ကြီးရဲ့ အဆိုအမိန့်လေးဖြစ်ပါတယ်
သတိဉာဏ်နှော ဆင်ခြင်ပြော
ဒီအဆိုအမိန့်လေးတွေ အပြင် နှုတ်ကြောင့်သေ လက်ကြောင့်သေ စတဲ့ မြန်မာစကားပုံတွေလဲ ထင်ရှားရှိပါတယ် မိမိရဲ့နှုတ်ထွက် စကား တစ်ခွန်းရဲ့ အရေးပါ အရာရောက်မှုဟာ ဝန်းကျင်အပေါ် ရိုက်ခတ်မှု ရှိတတ်တယ်ဆိုတာ သတိပြုဖွယ်ပါပဲ ..တစ်ခါတစ်ခါ မိမိနှုတ်ထွက် စကားတစ်ခွန်းကြောင့် ဘာသာရေး လူမှုရေး နိုင်ငံရေး စသည့် အဖွဲ့အစည်း အသီးသီးမှာ စည်းလုံးညီညွတ်မှု ပြိုကွဲမှုကို ဖြစ်စေနိုင်သလို ဒီ နှုတ်ထွက်စကား လေစွမ်းအားဖြင့်ပင် အချင်းချင်ကြား ပိုမိုချစ်ခင် နားလည်မှုရသွားတာတွေလဲ အများအပြားပဲမဟုတ်လား သဘောထားကွဲစေအုံးတော့ နှုတ်ထွက်စကားလုံး အသုံးအနှုံးတော့ တတ်ဖို့ လိုပါကလား လို့ စဉ်းစားမိလိုက်တယ် ဇာတ်တော်မှာ ဖတ်ဖူးတဲ့ တေမိမင်းသားက.. စကားပေါက်ကရ ၊ နှုတ်မဟ ၊ အအ လိုပဲ နေပါ့မယ် လို့ သန္ဒိဋ္ဌာန်ပြုသွားတာ သတိထားစရာပေါ့
လေပြင်းနှောက်ယှက် မဏ္ဍပ်ပျက်
တန်ဆော်မုန်းလပြည့်နေ့မှာ ကျောင်းကထိန်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ အားခဲထားကြတယ် ကထိန်အတွက် မဏ္ဍပ်ကိုလဲ တစ်ပါတ်အလိုမှာ ကြိုတင်ပြင်ဆင်ထားခဲ့ကြပါတယ် သို့သော်လည်း မဏ္ဍပ်ပြင်ဆင်ပြီးကတည်းက တိုက်လိုက်တဲ့လေဟာ အကြို စနေနေ့အထိ ဆိုလဲ မမှားပါဘူး . အကျိုးဆောင်အဖွဲ့ရဲ့ အားသွန်ခွန်စိုက် ဆေင်ရွက်ချက်တွေဟာ လေပြင်းတိုက်မှုအောက်မှာ အမိုးလန် အကာပျက်လို့ နှစ်သက်အားရှိဖွယ် မကျန်တော့တာ အမှန်ပါ ..ဟော အနီးကပ် ထပ်ပြီး ကြိုတင်ပြင်ဆင်ကြမယ်လို့ အားခဲထားကြပြန်တော့လဲ လေပြင်းကတိုက်သည့်အပြင် အလုပ်ခွင်ကလဲ တိုက်တိုက်ဆိုင်ဆိုင် အချိန်ပိုခေါ်ပြန်သတဲ့
ကြံတိုင်းမဖြစ် စိတ်မညစ်သာ
လေထန်တိုင်းသာ ၊ ပွင့်ကြွေပါမူ ၊ ဘယ်မှာ ပန်းများ ကြွေမည်နည်း ..တဲ့ ငယ်ငယ်ကတည်းက စွဲနေခဲ့တဲ့ကဗျာအပိုင်းစလေးပါ ... အနတ္တ ကို လက်ခံခဲ့ပြီးကာမှ အတ္တကို ရှေ့တန်းတင်ချင်မိနေတဲ့ မိမိစိတ်ကိုလဲ အားမလို အားမရ ဖြစ်မိတယ် ၊ ခုလဲ အားခဲကြံထားသမျှ ဘာမှ ဖြစ်မလာတာကို လေပျင်းပေါ် အပြစ်ပုံနေမိတယ် လူညံ့တစ်ယောက်အတွက် အားကိုးရာက ဆင်ခြေဖြစ်ပေရာ သဘာဝတရား ကို ဆင်ခြေနေခြင်းဟာ ကိုယ့်ကိုယ်ကို လူညံ့အဖြစ်သို့ တွန်းပို့နေတာလားလို့ပင် ခံစားမိလိုက်ပါတော့တယ် အကောင်းဖြစ်မဲ့ကြံ အဆိုးရှေ့ကခံ ဆိုတဲ့ စကားလေးက ရုတ်တရက်ရင်ထဲ ဆင်းသက်ခိုလာသည့်အခါမှာတော့ စိတ်မသက်မသာ ဖြစ်နေတာတွေဟာ ပျေက်ကွယ်သွားပါတော့တယ်
အံတုယှဉ်ပြိုင် အနိုင်ယူမယ်
ရှေးပညာရှင်တွေကတော့ ခက်ခဲတာကို လွယ်ကူအောင် ရွက်ဆောင်နိုင်တာမှ အရည်အချင်းလို့ ရေးသားခဲ့ကြဘူးတယ် ။ သဘာဝရဲ့ အလိုအရ နေထိုင်ကြဖို့တော့ ခက်ခဲနေတတ်ကြတဲ့ မိမိတို့ဟာ သဘာဝကြီးကိုတော့ မိမိတို့ဆန္ဒအတိုင်း ဖြစ်စေချင်နေသည်မှာ ရယ်စရာ လိုလို ဘာလိုလို .... အော် ... ကိုယ်ထင်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိအံ့နည်း ဆိုတာ ဒါကိုများ ရည်ညွှန်းသလား မသိပါချေ ။
အော်စတင်ရှိ ရွှေစည်းခုံ စေတီတော် ထီးတင်စဉ်က လေတိုက်တာ မိုးရွာတာ ကိုယ့်အလုပ်မဟုတ်ဘူး ကိုယ်လုပ်စရာရှိတာ ကြိုတင်ပြင်ဆင်ထားရမှာ ကိုယ့်အလုပ်ပဲ လို့ မိန့်ခဲ့ဘူးတဲ့ စကားလေးကို ပြန်လည်ကြားယောင်ခဲ့သည့် အခိုက်အတန့်အမှာတော့ အားအင်အသစ်တွေ ဖြစ်ထွန်းလာပြန်တော့တယ် ဒီဗဟိဒ္ဓက တိုက်နေတဲ့ လေပြင်းကို ရင်တွင်းမှ အရှိန်အဟုန်ပြင်းစွာ စီးစင်း တိုက်ခတ်လာတဲ့ သဒ္ဓါစေတနာ မေတ္တာ လေပြင်းများနဲ့ အံတုယှဉ်ပြိုင် အနိုင်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်

လေငြိမ်ခဲ့ပြီ ကထိန်စည်

ဒီလိုနဲ့ ကထိန်အကြို စနေညချမ်းမှာတော့ လေပျင်းအရှိန်လျှော့ကျသွားပါတော့တယ် ကထိန်အလှူရှင် တို့ ရဲ့ ရင်တွင်းက စေတနာ သဒ္ဓါတရားကို ပြိုင်ဖို့ မရဲသို့နှယ် အဝေးတနယ်လို့ ရှောင်ဖယ် ပျောက်ကွယ်လို့ ထွက်သွားခဲ့ပါပီ ။ အဝေးခရီး အသီးသီးက ကထိန်အလှူရှင်တွေလဲရောက်လာခဲ့ကြပါပြီ ၊ လေပျင်းတိုက်နေသည့်အကြားက လေးငါးနာရီ ခရီးကို အသီးသီး ကားနှင့် မောင်းနှင်လာကြသူတွေပါ .. ကိုညီဦးဆောင်တဲ့ အကျိုးဆောင်တွေမှာလဲ ည မှောင်ပေမဲ့ မီးရောင်ထွန်းပြီးကို ပြင်ဆင်ကြဖို့ အားခဲနေတုန်းပေါ့ ..ချက်ဖို့ ပြုတ်ဖို့နေရာမှာလဲ တရုန်းရုန်း .. မသိုးရွှေကြာသင်္ကန်း ပြင်ဆင်တဲ့ နေရာမှာလဲ လူတွေ တပြုံးပြုံးနဲ့... မြန်မာတို့ရဲ့ စေတနာ သဒ္ဓါ နှလုံးသား ကို လေပြင်းအားက ဖြိုခွင်းနိုင်အား မရှိဘူးထင်ပါရဲ့...ညမီးမှိန်မှိန်အောက်မှာ ကထိန်ပွဲတော်သည်လည်း အသက်ဝင်စည်းကားလာပါတော့တယ်
အမာရီလိုမှာ လူချမ်းသာ
ကပ်စေးနဲသော သူဋ္ဌေးသည် ဆင်းရဲ သူများထက် ပိုဆင်းရဲ သည် လို့ စာပေမှာ ဖတ်ဘူးတယ် ဒါဆိုရင် ယနေ့ ကထိန်အလှူရှင်တွေဟာ မဆင်းရဲကြတာ ထင်ရှားပါတယ် ၊ နဲများမဟူ လှူဖို့ တွန့်တိုစေးနဲ နေသူတွေ မတွေ့ရလို့ပါ ။ လူတစ်ဦးသည် ရယ်မောနိုင်သေးသ၍ မဆင်းရဲသေးပါ ဟု ပြောနိုင်လျှင် ယနေ့ ကထိန်အလှူအတွက် ဆောင်ရွက်နေသူတွေ အားလုံးဟာ ပျော်မဆုံး မော်မဆုံးပဲ မို့ တကယ်ကို လူချမ်းသာများဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတော့တယ်
အောင်သူ ပြုံးတဲ့ တန်..ဆောင်..မုန်း
ဒီ ကထိန်ပွဲတော်ကျင်းပရာ တန်ဆောင်မုန်းလပြည့် နေ့ညမှာ မြတ်စွာဘုရားက အဇာတသတ်ရဲ့ နှလုံးသားကို ဓမ္မနဲ့ တန်ဆာဆင်ပြီး အဝိစိငရဲဘေးက ကင်းဝေးအောင် စွမ်းဆောင်ခဲ့တာကလဲ တကယ့်ကို တွေးကြည်ညိုလို့ မဆုံးစရာပါ ... အကုသိုလ် အပြစ်ဘေးထိုက် ဒုစရိုက်အတွေးမိုက်တွေကို ဓမ္မရေစင်တိုက်ကျွေးလျှက် ရွံမုန်းစေခဲ့ပြီးနောက် အဇာတသတ် ကို သာသနာတော်အကျိုးပြု မင်း တစ်ပါးအဖြစ် ပေါ်ပေါက်အောင် စွမ်းဆောင်ခဲ့တာ ဒီတန်ဆောင်မုန်း လပေါ့
ကဲ ဒီလမှာ သင်ရော ဘဝကို ဘာတွေနဲ့ တန်ဆာဆင်ခဲ့ပြီး ဘာတွေကိုရော ဆောင်ဖြစ်ခဲ့ပါပီလဲ ဘာတွေ မုန်းခဲ့ပါသလဲ မိတ်ဆွေလို့ မေးကြည့်ပါရစေ ။ အမာရီလို ဒေသနေသူတွေကတော့ စေတနာ သဒ္ဓါတွေနဲ့ ဘဝကို တန်ဆာဆင်ပြီး ကထိန်အလှူတော်ကြီး အောင်မြင်အောင် စွမ်းဆောင်ခဲ့ပါပြီ ဒါတွေဟာ ဆင်းရဲမှု နဲ့ ဝဋ်ဒုက္ခကို မုန်းလို့ သံသရာလွတ်လမ်းစ ကို ရှာဖွေတာလို့ ပြောလိုက်ချင်ပါတယ်
ကထိန်အောင်ပွဲ ခြိမ့်ခြိမ့်သဲ
မိမိရဲ့ဘဝကို ဒါန သီလ ဘာဝနာတွေနဲ့ တန်ဆာဆင်နေကြတာဟာ နှမြောတွန့်တိုခြင်းဆိုတဲ့ မစ္ဆရိယ တရားတွေကို အနိုင်ယူနေကြတာပဲ ဖြစ်ပါတယ် ဒါ့အပြင် အောင်မြင်မှု ဟူသည်လုပ်နိုင်သူများအတွက် သာဖြစ်သည် ဆိုတာ မမေ့အပ်ဘူးမလား ကထိန်အတွက် ရဲရဲလာ ရဲရဲလှူ ရဲရဲလုပ်သွားကြတော့ ကထိန်ပွဲတော်ကြီး စည်စည်းကားကားနဲ့ ကို အောင်ခဲ့ပါတယ်
မေတ္တာဖြင့် သယ်ပိုးမည်ဆိုပါက မည်မျှ ကြီးကျယ်သည့် ဝန်ပင် ဖြစ်စေ လေးလံရိုး ထုံးစံ မရှိဆို သည့်အတိုင်း အခက်ခဲကြားက ဆောင်ရွက်ခဲ့ရတဲ့ ကထိန်ပွဲတော်ကြီးဟာ တကယ့်ကို စည်ကားခဲ့ပါတော့တယ် ဒါတွေဟာ မေတ္တာ စေတနာ သဒ္ဓါတွေက ဆောင်ကျဉ်းပေးခဲ့တာပါပဲ။ ဒီလို အောင်မြင်အောင် ဆောင်ရွက်နိုင်မှုဟာ မိမိတို့ကိုလဲ ခုရော နောင်ပါ သံသရာမှာ အကျိုးများအောင် ပြန်လည် စွမ်းဆောင်ပေးမှာ သေချာပါတယ် အပါယ်မကျအောင် ကယ်တင်ဆောင်နိုင်သလို နိဗ္ဗာန်ရောက်အောင်လဲ ထုတ်ဆောင်နိုင်တဲ့ ဒါန အစစ်မို့ တကယ့်ကို ပီတိဖြစ်ခဲ့ရပါတယ်
ရဲရင့်သူတို့ အောင်ပါပြီ
ရဲရင့်ခြင်းရှိတဲ့သူတွေဟာ လုပ်သင့်တာကို သတိရှိရှိ ဆင်ဆင်ခြင်ခြင် လုပ်တဲ့အတွက် ဘာအခက်ခဲကိုမှ တွေးပူ ကြိုမြင်နေလေ့ မရှိပါဘူး တချို့ကတော့ ဘာလုပ်ပါ ညာလုပ်ပါ စသည်ဖြင့် ရဲ ရင့်ဖို့ သူတပါးကို အကြံပေးနေကြပါတယ် ဒါပေမဲ့ ကိုယ်တိုင် ရဲရဲရင့်ရင့် စွန့်လွှတ် စွန့်စား ဆောင်ရွက်ဖို့ကျ ပရိယာယ်စကားတွေကြားမှာ လိုက်တမ်းပြေးတမ်းကစားနေမိပြန်တယ် ဒီလိုလူတွေမှာတော့ ဘာအောင်ပွဲမှ ရှိလိမ့်မယ် မထင်ပါဘူး
ဒီကထိန်ပွဲတော်ကြီးမှာလဲ အကျိုးဆောင်များဟာ လိုအပ်တဲ့ တာဝန်တွေကို ကျေပြွန်အောင် မျှဆောင်ခဲ့ပါတယ် တာဝန်ဆိုတာ စွမ်းပကား ရှိသူတို့ရဲ့ ကျေးကျွန်ဖြစ်တယ်ဆိုပါရင် ဘာအစွမ်းအစမှ မရှိသူတစ်ယောက်ဟာ ဘာတာဝန်မှ ယူရဲမယ်လည်း မထင် ပါဘူး စားရေးသူကတော့ ဘာသာရေးမှာ ဖြစ်စေ နိုင်ငံရေး လူမှုရေးမှာဖြစ်စေ တာဝန်ယူရဲ သူတိုင်းမှာ အစွမ်းအစ ရှိုလို့ ဟု ကောက်ချက်ချမိပါတယ် အခုလဲ စေတနာ သဒ္ဓါ မေတ္တာစွမ်းပကားနဲ့ ရဲရင့်သူများရဲ့ ကထိန်ပွဲသည် ခြမ့်ခြိမ့်သဲ အောင်မြင်ခဲ့ပါပြီ
အမာရီလိုမြိ့ စံဋ္ဌာနီ အောင်မြင်လိုရင် ရှေ့သို့..ချီ
သေးငယ်တဲ့ အပြုအမူလေးတွေပင် ဖြစ်လင့်ကစား ကြီးမားတဲ့ အပြောစကား(လေကြွား)သက်သက်ကိုတော့ အောင်နိုင်ပါသတဲ့ ယနေ့ အမာရီလိုရဲ့ ကထိန်အောင်ပွဲတော်ဟာလည်း စာတစ်ဆောင် ပေတစ်ဖွဲ့ ပြောလောက်အောင် မကြီးကျယ်ခဲ့ပေမဲ့ အကျိုးဆောင်တွေနဲ့ အလှူရှင်တွေရဲ့ စေတနာသဒ္ဓါအားကြီးမှုကို ဂုဏ်ပြုလိုတာကြောင့် အတွေးနယ်ချဲ့ ရေးခဲ့မိပါပြီ ဘာသာရေး လူမှုရေး နိုင်ငံရေး စသည်ဖြင့် အပြင်မှာ ချဲ့ကားပြောဆိုနေကြသူတွေက အများသားဆိုတော့ တာဝန်ရှိသူတွေ သတိထားသင့်တဲ့ အတွေးလေးတွေနဲ့ ဆွေးနွေးရေးခဲ့ခြင်းပါ ။ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး နောက်ကြောင်းပဲ ပြန်လှည့်ကြည့်နေမည်ဆိုပါကလဲ ကိုယ်သွားနေသည့် ခရီးကိုမျှ သိနိုင်တော့မည်မဟုတ် ပေရာ... မိမိတို့မှာ လဲ နောက်ကြောင်းပြန်တွေးနေစရာကို အချိန်မရှိသင့်ပါဘူး ၊ အိုဗားမားရဲ့ စကားလုံး ကို ငှားသုံးရရင်တော့ အောင်မြင်ချင်လျှင် ရှေ့သို့ ...ရှေ့သို့ ... ဟု၍သာ
(ကထိန်ပွဲတော် အလှူရှင်များနှင့် အကျိုးဆောင်များကို ဂုဏ်ပြုရေးသားအပ်ပါသည် )
ဇေယျသုခ အရှင်နန္ဒဝံသ(Amarillo, Tx, U.S.A)

Thursday 21 November 2013

တိုင်းရင်းသားပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူရှင်များ



အမေရိကန် နိုင်ငံ တက္ကစက်ပြည်နယ် ၊ အမာရီလိုမြို့ ၊ 
ဇေယျသုခ ဓမ္မရိပ်သာ
          တိုင်းရင်းသားပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပွဲတော်ကြီးတွင် သဒ္ဓါရွှင်စွာ ပါဝင်လှူဒါန်းကြသော  အရပ်ရပ် အလှူရှင်များ ကို  အပရစေတနာပွား မုဒိတာ ကုသိုလ်များနိုင်စေဖို့  စာရင်းတို့ကာ တင်ပြ မှတ်တမ်းတင်အပ်ပါသည် ။   ဗြဟ္မာ နတ်လူ ခပ်သိမ်းသူ ကြည်ဖြူ ...သာဓုခေါ်စေသော်... 
                                       --------------------------------------------------------
တိုင်းရင်းသားပေါင်းစုံ  စုပေါင်း မဟာဘုံကထိန် ပွဲတော်  မတည် အလှူရှင်များ
၁။ နှစ်ဘက် မိဘဘိုးဘွားများကို အမှူးထား၍ ကိုသန်းကျော်အောင် +မသက်သက်နွယ်                                သားသမီး တစ်စု မိသားစု မှ မတည်အလှူတော်ငွေ ဒေါ်လာ (၅၀၀) ကို လှူဒါန်းပါသည် ။
၂။ဦးမောင်ရွှေ ၊ ဦးအောင်မျိုးညွန့်၊ မောင်အောင်ထွန်းလေး ဦးဆောင်သော စေတနာအကျိုးဆောင်များ အဖွဲ့မှ  လေဘယ် ၊  ဂိုင်းမွန်း ၊ ဒူးမက်စ် စသည့် ဒေသများမှ အလှူခံရငွေ ဒေါ်လာ (..........) မတည်လှူဒါန်းပါသည်
၃။မမိုးမိုး ၊ မမာအေး ဦးဆောင်သော ခုနစ်ရက်သားသမီး စေတနာရှင်များမှ  ဒေါ်လာ (..........) ကို စုပေါင်းကောက်ခံ ထည့်ဝင် မတည်လှူဒါန်းပါသည်
၎။ မိဘများ အမှူးထား၍ မောင်ပေါ်လွင် မှ အလှူတော်ငွေ ဒေါ်လာ  ၃၅၀  ကို မတည်လှူဒါန်းပါသည်
၅။ မိဘများ အမှူးထား၍ မောင်မြင့်ဦးမှ အလှူတော်ငွေ ဒေါ်လာ ၂၀၀ မတည်လှူဒါန်းပြိး ၁၆၀ တန် ပဒေသာပင်တစ်ခုကို ပြင်ဆင်လှူဒါန်းပါသည် ။
၆။ နှစ်ဘက် မိဘများ အမှူးထား၍ ကိုမောင်ဝင်း+မစမ်းစမ်းဋ္ဌေး မိသားစု ၊ကိုကျော်ဝေစိုး+ကိုအောင်ထွန်း နှင့် ဦးညီညီလွင် ဦးဆောင်သော မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းဝင်မိသားစုများမှ  နေ့လည်စာ အဟာရ စုံလင်စွာတို့ဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းပါသည် ။
၇။။ မကဒတ အဖွဲ့ဝင်ဟောင်းမိသားစု များနှင့် ဦးမောင်မြင့်+ဒေါ်မွှေးမွှေးကြူမိသားစု ၊ ဦးကက်တိုင်+ဒေါ်စမ်းမြင့် မိသားစုများမှ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပါသည်
၈။ မမိုးမိုး+မာမာအေး ဦးဆောင်သော စေတနာရှင်များမှ ဘုရားပန်း၊ သစ်သီးပေါင်းစုံ ၊ ဗုဒ္ဓရုပ်ပွားတော်များအတွက် မသိုးရွှေကြာ သင်္ကန်းများကိုတာဝန်ယူ လှူဒါန်းပူဇော်ပါသည်
        ကထိန်ပွဲတော်ရက် အတွင်း  အထူးအလှူရှင်များ
၁။ နှစ်ဘက် မိဘများအား အမှူးထား၍ မောင်သော်ဇင်ဟိန်း+မဝင်းသန္တာမိသားစုတို့မှ  ဆရာတော်စိတ်တိုင်းကျ နဝကမ္မအသုံးပြုနိုင်ရန် ဒေါ်လာ (၁၅၀၀) ကို လှူဒါန်းပါသည် ။ 
ထို့အပြင်  ကျောင်းဝင်းအတွင်း အထူးလိုအပ်လျှက်ရှိသော အများသုံး သန့်စင်ခန်း တည်ဆောင်လှူဒါန်းနိုင်ရန် အောက်ဖေါ်ပြပါ အလှူရှင် အပေါင်းတို့မှလည်
၁။ ဆရာတော် အရှင်နန္ဒဝံသ နှင့် BTBF အသင်း                                                  ဒေါ်လာ      ၃၀၀၀
၂။ ကိုအေးနိုင်+မစမ်းလွင်နိုင် (အေးဇမ္ဗူ မြန်မာဆိုင်) မိသားစုမှ                                ဒေါ်လာ       ၃၀၀၀
၃။ ကိုသော်ဇင်ဟိန်း+မဝင်းသန္တာအောင်  မိသားစုမှ                                               ဒေါ်လာ      ၃၀၀၀
၎။နှစ်ဘက်မိဘများအမှူးထား၍ ကိုစိုင်းစိုင်း+မချိုလေး မိသားစုမှ                               ဒေါ်လာ      ၃၀၀၀
၅။ နှစ်ဖက်မိဘများ အမှူးထား၍ ကိုမောင်ဝင်း+မစမ်းစမ်း                                        ဒေါ်လာ      ၁၅၀၀
၆။နှစ်ဘက်မိဘများ အမှူးထာား၍   ကိုနေဇာ+ မနွယ်နီစိုး  မိသားစု                           ဒေါ်လာ      ၁၅၀၀
၇။ ကိုလှဦး+မမာမာဦးမိသားစု နှင့် မိုးပြာ မြန်မာဆိုင်မိသားစုမှ                                   ဒေါ်လာ     ၁၅၀၀

တို့ကို အထူးအလှူတော် အနေဖြင့် အဓိဋ္ဌာန်ပြု လှူဒါန်း နိဗ္ဗာန်ဆုပန်းကို ပန်ဆင်ကြပါသည် ။ အများသုံးသန့်စင်ခန်းများကို အများသား/အမျိုးသမီးများအတွက်ရေချိုးခန်း တစ်ခုစီအပါအဝင်  (၃)ခန်း စီ  ၊ (၆)ခန်းတွဲ တည်ဆောင်မည်ဖြစ်ပါသဖြင့် မည်သူမဆို မိမိတို့ မိသားစု အနေဖြင့်၎င်း ၊အစုအဖွဲ့အနေဖြင့် ၎င်း ပါဝင်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည် ။
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ
အမာရီလိုမြို့


ပဒေသာပင် စာရင်း
          အမေရိကန်နိုင်ငံ ၊ တက္ကစက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ  တိုင်းရင်းသားပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲတော် ကြီးတွင် ပဒေသာပင်များဖြင့် ဆင်ယင် လှူဒါန်း ကြသော ကုသိုလ်ရှင် များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်
           ဖြစ်လေရာရာ ဘဝထိုထိုတို့၌ အလိုရှိသည့်အရာများကို တောင့်တရုံမျှဖြင့် ရနိုင် ပြည့်စုံနိုင်ကြပါစေ ယခုဘဝမှာလည်း ကြိုးစားကြသည့်အလျှောက် ရွှေပဒေသာ ငွေပဒေသာများ လက်ဝယ်အရောက် ပေါ်ပေါက်လာပါစေကြောင်း ဆုတောင်းရင်း စာရင်းများကို အများပြည်သူ သာဓုခေါ် ကုသိုလ်ပွားစေဖို့  မှတ်တမ်းပြုစု တင်ပြအပ်ပါသည် ။
1.    မောင်ပေါ်လွင် ၊ မောင်မြင့်ဦး တို့လှူဒါန်းအပ်သော ငွေများဖြင့် မောင်စိုးဝင်း မောင်ထွေးအောင် ဦးဆောင် ပြုလုပ်ဆင်ယင်လှူဒါန်းအပ်သော btbfပင်မ ပဒေသာပင်
2.    ကိုအေးနိုင်+မစမ်းလွင်နိုင် (အေးဇမ္ဗူ မြန်မာဆိုင်) မိသားစု တို့၏ ငွေပဒေသာပင်
3.    ကိုလှဦး+မမာမာဦး နှင့် မိုးပြာ မြန်မာဆိုင် မိသားစုတို့၏ ငွေပဒေသာပင်
4.    ABSDF ရဲဘော်ဟောင်းများ မိသားစု  စုပေါင်း ပဒေသာပင်
5.    ကိုသားကျော်+မနွယ်ကျော် နှင့် ပအိုဝ့်တိုင်းရင်းသားများ မိသားစု စုပေါင်း ပဒေသာပင်
6.    B.Y.O.A လူငယ်များ အဖွဲ့ စုပေါင်း ပဒေသာပင်
7.    ဦးစိုးရီ ဦးဆောင်သော ဂါးဒင်းစီးတီး မိသားစုများ ပဒေသာပင်
8.    ဦးမိုးအောင် ဦးဆောင်သော ဂါးဒင်းစီးတီး မိသားစုများ ပဒေသာပင်
9.    မောင်မင်းမင်း ဦးဆောင်သော ဂါးဒင်းစီးတီး မိသားစုများ ပဒေသာပင်
10.  ကိုအောင်ဆွေ+မမော်၊ ကိုလတ် +မဇင်မာ၊ ကိုသိန်းဝင်း မိသားစုများ၏ စုပေါင်း ပဒေသာပင်တော်
11.  ကိုမောင်ဝင်း +မစမ်းစမ်းနှင့် အပေါင်းသင်းများ၏ စုပေါင်း ပဒေသာပင်
12.  ကိုကျော်မင်း+မထွေး မိသားစု တို့၏ စုပေါင်း ပဒေသာပင်
13.  ကိုစိုးတင့်+မသဇင်သင်း မိသားစုတို့၏ ပဒေသာပင်
14.  ကိုအောင်ဝင်းလတ်+မသဇင်သင်း မိသားစုတို့၏ ပဒေသာပင်
15.  ကိုစိုးသိန်း+မမီးမီး မိသားစုတို့၏ ပဒေသာပင်
16.  ကိုယ်ယဉ်ထွန်းအောင်+မခင်မာစမ်း မိသားစု တို့၏ ပဒေသာပင်
17.  ကိုစိုးသီဟ+မသဇင်ဝင်း မိသားစု တို့၏ ပဒေသာပင်
18.  ဒေါ်လှသန်း+သမီး မသဉ္ဇာမျိုး  တို့၏ ပဒေသာပင်
19.  ဒေါ်မြရီ(သား)ကိုကျော်+မရွှေရီ မိသားစု ပဒေသာပင်
20.  ဦးမောင်တူး(သမီး)မဝါဝါအောင်၊မသန်းသန်းအေး မိသားစု ပဒေသာပင်
21.  ကိုစိုးညီ+မလာရှာဘီ မိသားစု ပဒေသာပင်
22.  ကိုမျိုးဝင်း+ဒေါ်ငယ် နှင့် လေဘယ်မိသားစုများ စုပေါင်း ပဒေသာပင်
23.  ကိုအောင်သက်ဦး+မတင်ယုဆွေ မိသားစု ပဒေသာပင်
24.  ဒေါ်ဝင်းကြည်၊ ဦးမြင့်အောင်၊ကိုစိုးလှ+မမာအေး မိသားစု ပဒေသာပင်
25.  ကိုညာဏ်ထွန်း+မဝါ မိသားစု  ပဒေသာပင်
26.  ကိုညွန့်ဝင်း+မဝေဝေကြည် မိသားစု ပဒေသာပင်
27.  ကိုမြင့် ဦး  နှင့် သမီး မိသားစု ပဒေသာပင်
28.  ကိုမောင်ချို+မစမ်းစမ်းဋ္ဌေး မိသားစု ပဒေသာပင်

          ဤစေတနာရှင် ကုသိုလ်ရှင်များသည် မိသားစု ပဒေသာအဖြစ်ဖြင့်၎င်း ၊  အဖွဲ့လိုက် စုပေါင်း၍၎င်း ၊  နီးစပ်ရာ စေတနာရှင် ကုသိုလ်ရှင်များထံ အလှူခံ၍ ၎င်း  အခြံအရံ ပစ္စည်းအသီးသီးများနှင့်တကွ အသီးသီး ငွေပဒေသာများ သီကုံးပြင်ဆင်လှူဒါန်းခဲ့ရာ ပဒေသာပင် အလှူငွေ စုစုပေါင်းသည်  ဒေါ်လာ (..............) ခန့်မျှ ဖြစ်ပါကြောင်း ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင်အပ်ပါသည် ။
         
အကျိုးဆောင်အဖွဲ့
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ

                                         





ဇေယျသုခ ဓမ္မရိပ်သာ တိုင်းရင်းသားပေါင်းစု စုပေါင်းမဟာဘုံကထိန်
သင်္ကန်းပရိက္ခရာ အလှူရှင်များ စာရင်း
အောက်ဖေါ်ပြပါ အလှူရှင်များမှ ပရိက္ခရာရှစ်ပါး အပြည့်အစုံ  တစ်စုံလျှင် ဒေါ်လာ ရှစ်ဆယ် (၈၀)နှုန်းဖြင့်  ပါဝင်လှူဒါန်းခဲ့ကြပါသည် ။

1.    ကိုစိုးရီ +ဇနီး  သားသမီးများ    မိသားစု     ဂါးဒင်းစီးတီး      
2.    ဦးပါလေး မိသားစု   (ဂါးဒင်းစီးတီး)
3.    ကိုဟိန်းမင်း မိသားစု (ဂါးဒင်းစီးတီး)
4.    ကိုးမိုးကျော် နှင့် ဇနီး သားမီးများ မိသားစု  (ဂါးဒင်းစီးတီး)
5.    ဦးမြင့်သိန်းမိသားစု  (ဂါးဒင်းစီးတီး)
6.    ကိုနိုင်လင်း+မစိုးမိသားစု
7.    ကိုညီညီလွင်
8.    ဦးထွန်းရီ+ဒေါ်မယုံ(သား)မောင်မြင့်ဦး
9.    ကိုဇင်ကို+မဖေါဦး မိသားစု
10.  ဦးမောင်ရွှေ+ဒေါ်ရီ မိသားစု
11.  ကိုအောင်မျိုးညွန့်+မနီနီအောင် မိသားစု
12.  ဥိးသန်းလွင်+ဒေါ်ချစ်လှ (သမီး)မအိအီလွင်
13.  ကိုမောင်ဝင်း+မစမ်းစမ်းမော် မိသားစု
14.  ကိုယဉ်ထွန်းအောင်+မခင်မာစမ်း မိသားစု
15.  မောင်ဇော်သိန်း၊မောင်ဇော်ဝင်းရှိန်    
16.  ဦးမောင်သန်း
17.  ကိုမြင့်သန်း+  မိသားစု
18.  ကိုမောင်ကျော်+မရွှေရီ မိသားစု
19.  ဦးကော့လာ မိသားစု
20.  ဦးအောင်ဝင်းလတ်+မသင်းသင်းမြတ် မိသားစု
21.  ကိုထွန်းတင်အောင်+မသီရိထွန်း မိသားစု
22.  ကိုစိုးလှ+မမာအေး မိသားစု 
23.  ကိုမင်းရာဇာ +မနန္ဒာ မိသားစု
24.  ကိုအေးနိုင်
25.  မစမ်းလွင်နိုင်
26.  ကိုထွန်း မိသားစု  Twin discount
27.  ကိုလှမိုး မိသားစု  
28.  ကိုအောင်သန်း မိသားစု
29.  ကိုလှဦး+မမာမာဦး မိသားစု
30.  ကိုမင်းအောင် မိသားစု
31.  ကိုထွန်းလှ+မဝေဝေမြင့် မိသားစု
32.  ဒေါ်တင်ရီ+ကိုတင်ထွန်း+မလင်းလက် မိသားစု
33.  ကိုလှဒင်+မမာအေးမိသားစု
34.   ဦးကင်းရှင် မိသားစု 
35.  ကိုကိုပိုင်+မနီလာ မိသားစု
36.  ကိုအေဘီ  မိသားစု
37.  မောင်လှအေး မိသားစု (၇၀)
38.  ဒေါ်ခင်ကြည် မိသားစု  
39.  မသင်းသင်းခိုင် မိသားစု
40.  မောင်ကိုကိုဝင်း မိသားစု
41.  ကိုမောင်မျိုး+မအေးခိုင်မိသားစု


အောက်ဖေါ်ပြပါ အလှူရှင်များမှ ဒေါ်လာ (၁၀၀ )နှုန်းစီဖြင့် လှူဒါန်းခဲ့ကြပါသည်

1.    ဦးမင်းကျော် မိသားစု
2.    ဒေါ်တင်ရီ မိသားစု
3.    ကိုဝင်းဇော်(ခ)            မောင်ပေါက်ကျိုင်း 
4.    ကိုသန်းနိုင် မိသားစု
5.    ကိုစိုးညီ  မိသားစု
6.    ကိုစိုင်းစိုင်း+မချိုလေး

အောက်ဖေါ်ပြပါ စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့မှ သင်္ကန်းဒွိစုံ တစ်စုံလျှင် (၅၀) နှုန်းဖြင့် ပါဝင်လှူဒါန်းခဲ့ကြပါသည်

1.    ကိုမင်းစိန် မိသားစု
2.    ကိုဝင်းကျော် မိသားစု (ဂါဒင်းစီးတီး)
3.    ကိုဝေလင်းကျော် +မနွယ်နွယ်ကျော် မိသားစု
4.    ပအိုဝ့်မိသားစုများ ပဒေသာပင်အတွက် ကိုသားကျော်
5.    ဒေါ်မြင့်သူ (လာဗတ်)
6.    အဘဘဲခေါင်းမောင်မောင်
7.    ကိုကျော်ဝေစိုး+မတင်တင်ခိုင်
8.    ကိုမောင်ချို+မစမ်းစမ်းဋ္ဌေး မိသားစု
9.    ကိုစိုင်းသီဟ
10.  ဦးထွန်း
11.  ဦးရွှေဘို+ဒေါ်စိန်တင်
12.  ကိုအောင်မြင့်နိုင်
13.  ကိုမောင်ထွေး
14.  အဘဦးရှိန် မိသားစု
15.  ဒေါ်မိပျို
16.  ကိုရဲချစ် မိသားစု
17.  ကိုစိုးမင်း+မထိုက်သူ မိသားစု
18.  ကိုလင်းဋ္ဌေး မိသားစု
19.  ကိုကျော်မြင့်ဆွေ မိသားစု
20.  ကိုစံလင်း မိသားစု
21.  ဦးကျော်ငြိမ်း မိသားစု
22.  မောင်နဲပတာ+မအေးမူ မိသားစု
23.  ဦးဝင်းမိသားစု
24.  ဦးဘုန်းတင် မိသားစု
25.  စောဖောင်းဖောင်း မိသားစု
26.  ကိုဖိုးထူး မိသားစု
27.  ဦးပန်းညွန့် မိသားစု
28.  ကိုကျော်လင်းသန့် +မနွေးနွေး မိသားစု
29.  ကိုလှဋ္ဌေး +မနွယ် မိသားစု
30.  ဦးဝင်းအောင်+ဒေါ်ငွေသန်း မိသားစု 
31.  မကဒတ အဖွဲ့ဝင်ဟောင်းများ
32.  မကဒတ အဖွဲ့ဝင်ဟောင်းများ

အောက်ဖေါ်ပြပါ မိသားစုများမှ  ဧကသီ တစ်ထည်လျှင် (၃၀)ဒေါ်လာနှုန်းဖြင့် ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့ကြပါသည် ။
1.    ကိုချစ်ဆွေ +မနန္ဒာဝေ မိသားစု
2.    ဦးမျိုးမြင့်+ဒေါ်အေးရီ
3.    ဒေါ်လှသန်း  
4.    နန်းစမ်းမြင့်
ဇေယျသုခဓမ္မရိပ်သာ တိုင်းရင်းသားပေါင်းစု စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် အလှူရှင်များ လှူဒါန်းအပ်သော စုစုပေါင်း   လှူဒါန်းရရှိငွေ  စာရင်းအကျဉ်းချုပ်

သင်္ကန်းဖိုး လှူဒါန်းရရှိငွေပေါင်း                                                           ၅၆၀၀
ပဒေသာပင်များတွင် ဆင်ယင်လှူဒါန်းငွေပေါင်း                                        ၆၃၁၀
မောင်သောဇင်ဟိန်း+မဝင်းသန္တာအောင်                                              ၁၅၀၀
ကိုသန်းကျော်အောင် +မသက်သက်နွယ်                                                 ၅၀၀
မောင်ပေါ်လွင်+မောင်မြင့်ဦး                                                                ၅၅၀
ဦးကက်တိုင်+ဒေါ်စမ်းမြင့် မိသားစု                                                         ၆၀၀
                                                     ......................................
စုစုပေါင်း ကထိန်ကာလအတွင်းအရပ်ရပ် ရရှိအလှူငွေပေါင်းမှာ                 ၁၅၀၆၀ ဒေါ်လာ ဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းသာစွာ မှတ်တမ်းပြု တင်ပြအပ်ပါသည်
                    -------------------
          ဤကဲ့သို့ တိုင်းရင်းသားပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကြီး ကျင်းပအောင်မြင်နိုင်ရေးအတွက် အဘက်ဘက်က ဦးစီးဆောင်ရွက်ခဲ့ကြပါကုန်သော စေတနာရှင် ကုသိုလ်ရှင်များ ဝေယျာဝစ္စအကျိုဆောင်များ အလှူရှင်များ အနုပညာအကအလှ အဖွဲ့များ အားလုံးကို ရပ်ဝေး ရပ်နီး အသီးသီးမှ ကြွရောက် အားပေးကြကုန်သော ရဟန်းရှင်လူ အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြအပ်ပါသတည်း

အကျိုးဆောင်အဖွဲ့
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ 
အမာရီလိုမြို့ ၊ တက္ကစက်ပြည်နယ်
အမေရိကန်ပြည်ထောင်စု
ဖုံး....၈၀၆-၃၇၃-၁၃၄၆ 
btbfjaya@gmail.com
www.btbfamarillo.com